၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက အင်္ဂလိပ်ဘာသာဖြင့် ဘားမားကို မြန်မာဟု ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းသည် အငြင်းပွားစရာ ဖြစ်ခဲ့သည်[ကိုးကားချက်လိုသည်]။ ယေဘုယျအားဖြင့် မြန်မာသည် ၁၃၅မျိုးသော တိုင်းရင်းသားအားလုံး ကို ကိုယ်စားပြု၍ ဗမာ သည် ယင်း ၁၃၅ မျိုး အနက်မှ ဗမာလူမျိုးစု ကိုသာ ကိုယ်စားပြုသည်။ ဤအမည်နာမကို လွန်ခဲ့သည့် ၁၂ ရာစုခန့်ကတည်းက သုံးစွဲလာခဲ့ကြသည်[ကိုးကားချက်လိုသည်]။ ဗမာမှာ လူများစုဗမာမျိုးနွယ်စု၏ ခေါ်ရာတွင် တရားဝင်ခေါ်သော အသုံးဖြစ်သည်။ အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့စဉ်က ဗမာကို အင်္ဂလိပ်အခေါ် ဘားမား (Burma) ဟုသုံးခဲ့ကြသည်။ စစ်အစိုးရက 'မြန်မာ'သည် 'ဗမာ'ထက် လူနည်းစုများအား ပိုမိုခြုံငုံမိသည့် အချက်ကို ရောင်ပြန်ဟပ်စေလို၍ ဖြစ်သည်။ သမိုင်းကြောင်းအရ မြန်မာတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော အမည်နာမ မရှိခဲ့ချေ။ လက်ရှိအနေ မြန်မာနိုင်ငံမှာ ဗြိတိသျှကိုလိုနီအာဏာပိုင်များမှ ရှေးခေတ်ဗမာပြည်၏ အစိတ်အပိုင်း မည်သည့်အခါကမျှ မဖြစ်ခဲ့ဖူးသော အစွန်အဖျားဒေသ(ဗမာစကားမသုံးသော လူမျိုးများ နေထိုင်ရာဒေသ) များကိုထည့်သွင်းပြီး ဖန်တီးထားသောနယ်မြေဖြစ်သည်[ကိုးကားချက်လိုသည်]။
အနောက်နိုင်ငံများက စစ်အစိုးရကို လက်မခံသည့်အတွက် အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံအမည်အား တရားဝင်ပြောင်းလဲရန် လုပ်ပိုင်ခွင့်မရှိဟု ယူဆကြသည်[ကိုးကားချက်လိုသည်]။ ထို့ကြောင့် ၎င်းတို့သည် မြန်မာဘာသာဖြင့် မြန်မာနိုင်ငံဟု လက်ခံသုံးစွဲသော်လည်း အင်္ဂလိပ်ဘာသာဖြင့် ဘားမားဟု ဆက်လက်သုံးစွဲလျှက်ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် သုံးနှုန်းသည့်အခါ သုံးစွဲသူအလိုက် "ဘားမား"သို့မဟုတ် "မြန်မာ"ကို ရွေးချယ်သုံးစွဲကြပြီး နည်းပညာအားဖြင့် အပြန်အလှန် ဖလှယ်သုံးစွဲနိုင်သော စကားလုံးများ ဖြစ်ကြသည်။
နိုင်ငံပြင်ပ သတင်းဌာနကြီးများ ဖြစ်သည့် ဘီဘီစီ (BBC)၊ ဝေါလ်စထရိဂျာနယ် (Wall Street Journal) နှင့် ဖိုင်နင်းရှယ်တိုင်မ်း (Financial Times) တို့အပြင် အမေရိကန်နှင့် ဂရိတ်ဗြိတိန်အစိုးရများကပါ မြန်မာနိုင်ငံကို ဘားမားဟု ဆက်လက်ခေါ်ဝေါ်လျက်ရှိပြီး စီအင်အင် (CNN)၊ အီကော်နော်မစ် (The Economist)၊ နှင့် နယူးယောက်တိုင်မ်း (New York Times) တို့ကမူ မြန်မာဟူသည့် အသုံးအနှုန်းကို တိုင်းပြည်အဖြစ်လည်း ကောင်း၊ ဘားမီစ်ဟူသည့် စကားလုံးကို နာမဝိသေသနအဖြစ်လည်းကောင်း လက်ခံကျင့်သုံးနေပြီဖြစ်သည်။[၁၀][၁၁]
ဂရိတ်ဗြိတိန်၊ ကနေဒါနိုင်ငံ၊ ဩစတြေးလျနှင့် အမေရိကအစိုးရများသည် ဘားမား (Burma) ကို ဆက်လက်အသုံးပြုကြသည်။[၁၀][၁၂] သို့သော် ဥရောပသမဂ္ဂသည် ဘားမား/မြန်မာ (Burma/Myanmar) နှစ်မျိုးလုံးကို တွဲသုံးသည်။[၁၃] တရုတ်နိုင်ငံသည် မြန်မာဟု မသုံးဘဲ ၎င်းတို့ထုံးတမ်းအခေါ်အဝေါ်အတိုင်း မြန်တျန့် (缅甸) ဟုသုံးသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား မြန်မာ (ミャンマー) ဟုခေါ်သော်လည်း မြန်မာလူမျိုးများအား ဘားမိစ် (Burmese) (ビルマ人) ဟု ဆက်လက်သုံးစွဲသည်။ ပြင်သစ်နိုင်ငံသည် အခြားနိုင်ငံအများစုကဲ့သို့ပင် ယခင်သုံးစွဲနေကျ ဘာသာပြန်ကိုသုံးပြီး မြန်မာပြည်ကို ဗိရ်မနီ (Birmanie) ဟုခေါ်ကြသည်။[၁၄][၁၅]
၂၀၁၅ ခုနှစ် အစိုးရအသစ်တက်လာပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းအခြေစိုက် သံရုံးရှိ သံအမတ်ကြီးများ၊ စစ်သံမှူးများ နှင့် ကောင်စစ်ဝန်များကို နေပြည်တော်တွင် တွေ့ဆုံကာ မြန်မာ ဟုခေါ်ခေါ် ဗမာ ဟုခေါ်ခေါ် အရေးမကြီးကြောင်း ပြောဆိုခဲ့သည်[ကိုးကားချက်လိုသည်]။
ယနေ့ မြန်မာမှုအဖြစ် ပုံဖော်ပေးခဲ့သည့် ယဉ်ကျေးမှုမှာ နှစ်ပေါင်း အတော်အတန်ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသတွင်း တူးဖော်တွေ့ရှိထားသည့် ရှေးဟောင်းပစ္စည်းများက သက်သေထူနိုင်သည်။ ရှမ်းပြည်နယ် ပြဒါးလင်းလိုဏ်ဂူအတွင်းရှိ ဂူနံရံပန်းချီများသည် ရှေးဟောင်းသုတေသီများ တွေ့ရှိထားသည့် ခေတ်ကာလ အစောဆုံး သမိုင်းသက်သေအထောက်အထားများ ဖြစ်သည်။
မွန်လူမျိုးများသည် အောက်ပိုင်းဧရာဝတီမြစ်ဝှမ်းဒေသသို့ အစောဆုံး ရွှေ့ပြောင်းခဲ့ကြသူများ ဖြစ်နိုင်သည်ဟု ပညာရှင်များက ယူဆကြပြီး ၎င်းတို့သည် ဘီစီ ၉၀၀ ပြည့်လယ်ခေတ်တွင် မြန်မာနိုင်ငံတောင်ပိုင်း၌ ကြီးစိုးလွှမ်းမိုးလာကြသည်။ မွန်လူမျိုးများသည်လည်း အရှေ့တောင်အာရှဒေသတွင် ထေရဝါဒဗုဒ္ဓဘာသာကို အစောဆုံး ကိုးကွယ်ယုံကြည်ကြသည့် လူမျိုးဖြစ်သည်။ [၁၆] ပျူလူမျိုးတို့သည် ဘီစီ ပထမရာစုနှောင်းပိုင်းတွင် အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းဒေသသို့ ရောက်ရှိလာကြပြီး မြို့ပြ၊ တိုင်းနိုင်ငံများကို ထူထောင်ခဲ့ကြသည်။ အင်အားအတောင့်တင်းဆုံးပျူနိုင်ငံတော်မှာ သီရိခေတ္တရာဖြစ်သည်။ မွန်နှင့် ပျူတိုင်းပြည်တို့သည် အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသည်။ ပျူလူမျိုးများသည် ၆၅၆ ခုနှစ်တွင် သီရိခေတ္တရာကို စွန့်ခွာပြီး မြောက်ဘက်သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ပျူတို့တစ်စခန်း ပြန်ထခဲ့ကြသော်လည်း ၈၀၀ ခုအလယ်ပိုင်းတွင် နန်ချောင်နိုင်ငံမှ (လက်ရှိ တရုတ်နိုင်ငံ ယွင်နန်ပြည်နယ်) သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။
ပုဂံခေတ် (၁၀၄၄ - ၁၂၈၇)
ဗမာ တို့သည် ၇ ရာစုနှစ်ခန့်မှစ၍ ယနေ့တိဗက်ဒေသမှ ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ဆင်းသက်ခဲ့ကြသည်။ အေဒီ ၈၄၉ ခုနှစ်ခန့်တွင် ပုဂံကို အခြေပြု၍ အင်အားတောင့်တင်းသည့် မင်းနေပြည်တော်တစ်ခုကို ထူထောင်ခဲ့ကြသည်။ အနော်ရထာမင်းတရားကြီး (၁၀၄၄ – ၁၀၇၇) နန်းတက်ခဲ့သည့်ကာလက ဗမာလူမျိုးများ၏ ဩဇာမှာ ယနေ့မြန်မာနိုင်ငံတစ်လွှားသက်ရောက်လွှမ်းမိုးခဲ့သည်။ ၁၁၀၀ ခုနှစ်တွင်မူ အရှေ့တောင်အာရှတိုက်၏ ဒေသအတော်များများကို ပုဂံမင်းနေပြည်တော်မှ ထိန်းချုပ်နိုင်ခဲ့သည်။ ယင်းကို အများက ပထမမြန်မာအင်ပါယာအဖြစ်လက်ခံကြသည်။ ၁၂၀၀ ခုနှစ်အနှောင်းပိုင်းကာလတွင် ကူဗလိုင်ခန် ဦးဆောင်သော မွန်ဂိုတို့က ပုဂံနေပြည်တော်အား သိမ်းပိုက်ခဲ့ကြသည်။
ထီးပြိုင်နန်းပြိုင်ခေတ် (၁၂၈၇–၁၅၃၁)
သို့သော် ၁၃၆၄ ခုနှစ်တွင် မြန်မာများသည် အင်းဝဒေသတွင် မိမိတို့၏ မင်းနေပြည်တော်ကို တည်ထောင်ခဲ့ကြပြီး မြန်မာ့ယဉ်ကျေးမှု၏ ရွှေရောင်လွှမ်းသော ခေတ်တစ်ခုကို ထူထောင်နိုင်ခဲ့ကြသည်။ သို့သော် ၁၅၂၇ ခုနှစ်တွင် ရှမ်းများက အင်းဝကို ဖျက်ဆီးပစ်ခဲ့ကြသည်။ တစ်ချိန်တည်းတွင် မွန်တို့သည် ပဲခူးကို အခြေပြုပြီးအဓိကကျသော ကူးသန်းရောင်းဝယ်ရေးနှင့် ဘာသာရေး ဗဟိုအချက်အခြာအဖြစ် ပြန်လည်ရပ်တည်ခဲ့သည်။
တောင်ငူခေတ် (၁၅၃၁–၁၇၅၂)
အင်းဝမှ ထွက်ပြေးခဲ့ကြသော ဗမာများသည် ၁၅၃၁ ခုနှစ်တွင် တောင်ငူ၌ တောင်ငူမင်းနေပြည်တော်ကို တပင်ရွှေထီးလက်အောက်တွင် ထူထောင်ခဲ့ကြသည်။ သူသည် မြန်မာနိုင်ငံကို စည်းရုံးပြီး ဒုတိယမြန်မာအင်ပါယာကို ထူထောင်ခဲ့သည်။ အရှေ့တောင်အာရှတွင် ဥရောပတိုက်သားများ၏ လွှမ်းမိုးမှုကြောင့် တောင်ငူမင်းနေပြည်တော်သည်လည်းကူးသန်း ရောင်းဝယ်ရေး ဗဟိုချက်အချာဖြစ်လာသည်။ ဘုရင့်နောင် မင်းတရားကြီးသည် မဏိပူရ၊ ဇင်းမယ်နှင့် အယုဓျာတို့အား သိမ်းသွင်း၍ နိုင်ငံတော်ကြီးအား ချဲ့ထွင်ခဲ့သည်။
သို့သော်လည်း အတွင်းပုန်ကန်မှုများနှင့် သိမ်းပိုက်နယ်မြေများကို ထိန်းချုပ်နိုင်ရန် လိုအပ်သော ဘုရင်မြစ်များ ချို့တဲ့မှုကြောင့်တောင်ငူနေပြည်တော်ကျဆုံးခဲ့ရသည်။ ပေါ်တူဂီများအား တိုက်ထုတ်ခဲ့သော အနောက်ဖက်လွန်မင်းတရားကြီးသည် ၁၆၁၃ ခုနှစ်တွင် မင်းဆက်သစ်တစ်ခုကို အင်းဝတွင် ထူထောင်ခဲ့သည်။ ၁၇၅၂ ခုနှစ်တွင် ပြင်သစ်တို့၏ အကူအညီဖြင့် ထကြွပုန်ကန်သော မွန်တို့ကြောင့်နေပြည်တော်ကျဆုံးခဲ့သည်။
ကုန်းဘောင်ခေတ် (၁၇၅၂ - ၁၈၈၅)
၁၇၅၂ ခုနှစ်တွင် အလောင်းဘုရားသည် ကုန်းဘောင်မင်းဆက်ကို ထူထောင်ပြီး တတိယမြန်မာအင်ပါယာကြီးကို တည်ဆောက်ခဲ့သည်။ ၁၇၆၇ ခုနှစ်တွင် မြေဒူးမင်းတရားကြီးက အယုဓျာနိုင်ငံအား သိမ်းပိုက်အောင်မြင်ခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုက ထိုင်းယဉ်ကျေးမှုအပေါ်အတော်လွှမ်းမိုးစေခဲ့သည်။ တရုတ်ပြည် ချင်မင်းဆက်သည် မြန်မာတို့၏ ကြီးထွားလာသော အင်အားကို စိုးရိမ်းသဖြင့်မြန်မာကို ၁၇၆၅ ၁၇၆၉ ခုနှစ်ကာလတွင်း တရုတ် - မြန်မာ စစ်ပွဲများလေးကြိမ်တိတိသိမ်းပိုက်ရန်ကြိုးစားအားထုတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်မင်းဆက်များက အယုဓျာအား စွန့်လွှတ်ခဲ့ရသော်လည်း ရခိုင်နှင့် တနင်္သာရီတို့ကို ရရှိခဲ့သည်။
၁၈၂၄ ခုနှစ်ဘကြီးတော်မင်းတရားလက်ထက်တွင် စစ်သူကြီးမဟာဗန္ဓုလသည် အိန္ဒိယနိုင်ငံရှိဗြိတိသျှတို့၏ နယ်မြေနှင့် ထိစပ်နေသော အာသံပြည်နယ်ကို သိမ်းပိုက်ရာမှ စစ်မီးပွားခဲ့သည်။ ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲကို ၁၈၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ရန္တပိုတွင် စာချုပ်ချုပ်၍ ငြိမ်းစေခဲ့ပြီး ကမ်းရိုးတန်းဒေသများဖြစ်သည့်ရခိုင်နှင့် တနင်္သာရီဒေသများကို စွန့်လွှတ်ခဲ့ရသည်။ ၁၈၅၂ ခုနှစ်တွင် သာယာဝတီမင်းတရားကြီးသည် နယ်စပ်ပြဿနာများမှ ပေါ်ပေါက်လာသည့် အခင်းများမှ အင်္ဂလိပ်အရာရှိများအားဖမ်းဆီးခဲ့သည်ကို အကြောင်း ပြုပြီးဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲဖန်တီးခဲ့ကြသည်။ ဤတစ်ကြိမ်တွင် အင်္ဂလိပ်တို့သည် ကျန်ရှိနေသေးသည့် ကမ်းရိုးတန်းဒေသများဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတို့အား သိမ်းပိုက်ခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာကောက်တော်များသည် ဘုရင့်အမိန့်တော်အရ တာဝန်ဝတ္တရားများ ဆောင်ရွက်ရာမှ ဘုံဘေ-ဘားမားသစ်ကုမ္ပဏီသည် သစ်များကို တရားမဝင်ခုတ်လှဲပြီး အခွန်တိမ်း ရှောင်ရန် ဝှက်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ သီပေါမင်းသည် ကုမ္ပဏီအားဒဏ်ရိုက်အရေးယူခဲ့သည် ကို ဗြိတိသျှတို့ဘက်မှ ကျန်ရှိနေသေးသည့် မြန်မာနိုင်ငံအား သိမ်းပိုက်ရန် အခွင့်အရေးအဖြစ် ယူဆခဲ့ပြီး ၁၈၈၅ ခုနှစ်နိုဝင်ဘာတွင် ရက်သတ္တ နှစ်ပတ်တည်းနှင့် တတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲကို ဆင်နွှဲခဲ့လေသည်။ သီပေါမင်းတရားကြီးနှင့် တကွ တော်ဝင်မိသားစုဝင်များအား ဖမ်းဆီးခဲ့ပြီး မဒြစ်သို့ ပြည်နှင် ဒဏ်ပေးခဲ့၍ နောက်ဆုံးတွင် ရတနာဂီရိသို့ ပို့ဆောင်ခဲ့ကြသည်။
ၿဗိတိသွ်အုပ္ခ်ဳပ္ေရး (၁၈၈၆ - ၁၉၄၈)
မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ် နိုဝင်ဘာကုန်ပိုင်းတွင် ဗြိတိသျှအိန္ဒိယ၏ လက်အောက်ခံဒေသတစ်ခုအဖြစ် ကျရောက်သွားခဲ့ပြီး ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့တွင် ဝိတိုရိယဘုရင်မကြီးအား နှစ်သစ်ကူးလက်ဆောင်အဖြစ် ဆက်သခဲ့ကြသည်။ ၁၉၃၇ ခုနှစ် ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံသည် သီးခြားအုပ်ချုပ်နယ်မြေဖြစ်လာပြီး အိန္ဒယနိုင်ငံနှင့် ခွဲခဲ့သည်။ တိုင်းပြည်အတွင်းခွဲရေးတွဲရေး အရေးအခင်းကြောင့် ပေါ်ပေါက်လာသော အက်ကွဲကြောင်းသည် လွတ်လပ်ရေးရပြီး နောက်ပိုင်းဆက်ဖြစ်လာသည့် ပြည်တွင်းဆူပူသောင်းကျန်းမှုများ၏ မြစ်ဖျားခံရာအဖြစ် တွေ့ရှိရမည်ဖြစ်သည်။
၁၉၄၀ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တို့သည် ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ) ကို တည်ထောင်ခဲ့ကြသည်။[၁၇][၁၇] ရဲဘော်သုံးကျိပ်သည် ဂျပန်နိုင်ငံတွင် စစ်သင်တန်းများတက်ရောက်ခဲ့ကြသည်။[၁၇]
ဒုတိယကမ္ဘာစစ်ကာလ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှစစ်မျက်နှာတွင် အရေးပါသည့် အခန်းကမှ ပါဝင်ခဲ့သည်။ စစ်ပွဲ၏ ကနဦးပိုင်း မြန်မာပြည်စစ်ဆင်ရေးတွင် ဂျပန်ဦးဆောင်မှုသည် အောင်မြင်မှုများ ရရှိခဲ့ပြီး ဗြိတိသျှများအား မြန်မာပြည်အနှံ့မှ တိုက်ထုတ်နိုင်ခဲ့သည်။ သို့သော်မဟာမိတ်များက ပြန်လည်တုံ့ပြန်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဇူလိုင်တွင် မဟာမိတ်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ မြန်မာတို့သည် နှစ်ဘက်စလုံးမှ ပါဝင်ခဲ့ကြသည်။ မြန်မာများသည် အစပိုင်းတွင် ဂျပန်တို့ဘက်မှ ပါဝင်ခဲ့ကြသော်လည်း မြန်မာအချို့တို့သည် ၁၉၄၁-၁၉၄၂ ခုနှစ်များတွင် အင်္ဂလိပ်တို့ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ၁၉၄၃ ခုနှစ်တွင် ချင်းတပ်နှင့် ကချင်တပ်များကို ဗြိတိသျှတို့ ထိန်းချုပ်သည့် နယ်စပ်ဒေသများတွင် ဖွဲ့စည်းခဲ့ကြသည်။ ဗမာ့သေနတ်ကိုင်တပ်ရင်းများသည် ၁၉၄၃-၁၉၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အော့်ဝင်းဂိတ်၏ လက်အောက်၌ ချင်းဒစ်တပ်ဖွဲ့များအဖြစ်ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ နောက်ပိုင်းတွင် အမေရိကန်များကန်-ကချင်အထူးတပ်များအားဖွဲ့စည်းခဲ့ပြီး မဟာမိတ်တို့အောက်တွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ အခြားများစွာသော တပ်ဖွဲ့များမှာ ဗြိတိသျှအထူးစစ်ဆင်ရေးအဖွဲ့များ အောက်တွင် ပါဝင်ခဲ့ကြသည်။ ဗမာ့လွတ်မြောက်ရေး တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် ရခိုင်အမျိုးသားတပ်မတော်နှင့် အတူဂျပန်တို့ဘက်မှ ပါဝင်၍ ၁၉၄၂-၁၉၄၄ ခုနှစ်များတွင် ပါဝင်တိုက်ပွဲဝင်ခဲ့ကြပြီး ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့အား ပြန်လှန်တွန်းလှန်ခဲ့ကြလေသည်။
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကြားဖြတ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံအမှုဆောင်ကောင်စီအဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး၊ ဗိုလ်မှူးအောင်၊ မြို့မ-ဦးသန်းကြွယ်၊ အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူပင်လုံညီလာခံ တွင် တက်ရောက်ခဲ့ပြီး၊ စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် စာချုပ်လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ၁၉၄၇ ဇူလိုင်တွင် နိုင်ငံရေးပြိုင်ဘက်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အစိုးရအဖွဲ့ဝင်အချို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။[၁၇]
ဒီမိုကရက္တစ္သမၼတႏိုင္ငံ (၁၉၄၈ - ၁၉၆၂)
၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံသည် ပထမဦးဆုံး သမ္မတ အဖြစ် စဝ်ရွှေသိုက် နှင့် ပထမဦးဆုံး ဝန်ကြီးချုပ်ဦးနု တို့ တာဝန်ယူခဲ့သော လွတ်လပ်သည့် သမ္မတနိုင်ငံဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ရပ်တည်ခဲ့လေသည်။ အခြားဗြိတိသျှကိုလိုနီနိုင်ငံများနှင့် မတူညီဘဲဓနသဟာယအဖွဲ့ဝင်အဖြစ်မပါဝင်ခဲ့ချေ။ အထက်လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်နှစ်ရပ် ပါဝင်သော ပါလီမန်စနစ်ကို ကျင့်သုံးခဲ့သည်။[၁၈]
ယနေ့မြင်တွေ့ရသော မြန်မာနိုင်ငံသည် အောက်မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံတို့ ပါဝင်သည့်မြန်မာပြည်မနှင့် ဗြိတိသျှတို့သီးခြားအုပ်ချုပ်ခဲ့သည့် နယ်ခြားဒေသတို့ကို ပူးပေါင်း၍ ဖွဲ့စည်းထားပြီး ပင်လုံစာချုပ်အရဖြစ်လာသော နယ်မြေအဖြစ်ဇစ်မြစ်လိုက်၍ ရလေသည်။[၁၉] ၁၉၆၁ ခုနှစ်တွင် ထိုစဉ်က မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ်အဖြစ်နှင့် ယခင်ဝန်ကြီးပေး ခဲ့ဘူးသည့် ဦးသန့်သည် ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် အရွေးချယ်ခံခဲ့ရသည်။[၂၀]
စစ်အုပ်ချုပ်ရေး (၁၉၆၂–၂၀၁၁)
နိုင်ငံကို ၂၆ နှစ်တိုင်တိုင်အုပ်ချုပ်ခဲ့သည့် နေဝင်း ဦးဆောင်သော စစ်အစိုးရက အာဏာသိမ်းယူသည့် ၁၉၆၂ ခုနှစ်တွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ရပ်စဲသွားပြီး မြန်မာ့ဆိုရှယ်လစ်စနစ်လမ်းစဉ်ကို စတင်ခဲ့သည်။[၂၁] ၁၉၇၄ ခုနှစ်တွင် ဦးသန့်၏ ဈာပနအခမ်းအနားမှ စတင်၍ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုနှင့်အတူ သွေးထွက်သံယိုမှုများ ဖြစ်ပေါ်ခဲ့သည်။[၂၁] ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ (၈၈၈၈) တွင် တော်လှန်ရေးတစ်ရပ်၏ ဖြစ်လုဆဲဆဲအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ တန်ပြန်အနေနှင့် ဗိုလ်ချုပ်စောမောင်မှ အာဏာသိမ်းယူခဲ့သည်။ ၎င်းက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဆန္ဒပြပွဲများ ဖြစ်ပွားပြီး စစ်အုပ်ချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ်များအား ရွေးချယ်တင်မြောက်မည့် စီမံချက်များကို ၁၉၈၉ ခုနှစ် မေ ၃၁ တွင် အပြီးသတ် ရေးဆွဲခဲ့ကြသည်။[၂၂]
၁၉၉ဝ ခုနှစ် မေတွင် လွတ်လပ်သော ရွေးကောက်တင်မြောက်ပွဲကို နှစ် ၃၀ အတွင်းပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ စုစုပေါင်း အမတ်နေရာ ၄၈၉ အနက် ၄၀၉ နေရာကို အနိုင်ရရှိခဲ့သည်။[၂၃] သို့သော်နဝတအစိုးရမှ ရွေးကောက်ပွဲ ရလဒ်များကို ငြင်းပယ်ခဲ့ပြီး ဆင်းပေးရန်ငြင်းဆိုခဲ့သည်။ နဝတအဖွဲ့သည် အင်္ဂလိပ်အခေါ် ဘားမား (Burma) အားမြန်မာ (Myanmar) ဟု ၁၉၈၉ ခုနှစ်တွင် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၁၉၉၁ ခုနှစ်မှစ၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးဆောင်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရယူခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် နဝတအဖွဲ့သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ် ရေးဆွဲရန် ဖော်ထုတ်ခဲ့ပြီး အမျိုးသားညီလာခံတစ်ရပ်ကို ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင်ခဲ့သည်။[၂၄] ၁၉၉၇ ခုနှစ်တွင် နဝတကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟုပြင်ဆင်ဖွဲ့စည်းခဲ့သည်။
၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံအား အရှေ့တောင်အာရှနိုင်ငံများအဖွဲ့မှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခွင့်ပြုခဲ့သည်။ အမျိုးသားညီလာခံသည် ဆက်လက် ကျင်းပလိုက် ရပ်နားလိုက်ဖြင့် စခန်းသွားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများစွာတို့မှာ ညီလာခံတွင် ပါဝင်ခြင်းမရှိဘဲ တိုးတက်မှုမှာလည်း မရှိသလောက်ဖြစ်သည်။[၂၄] ၂၀၀၆ ခုနှစ် မတ် ၁၇ ရက်တွင် နအဖ စစ်အစိုးရသည် မြို့တော်ကို ပျဉ်းမနားအနီးရှိ ဒေသသို့ပြောင်းရွှေ့ခဲ့ကာ မင်းတို့၏ တည်နေရာ 'နေပြည်တော်' ဟုတရားဝင်ကြေညာခဲ့သည်။[၂၅] ၂၀၀၆ ခုနှစ် စက်တင်ဘာတွင် အမေရိကန်ဦးဆောင်သည့် မြန်မာနိုင်ငံအရေးအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီအာဂျင်ဒါတွင် ထည့်သွင်းရေးကြိုးပမ်းမှုအောင်မြင်ခဲ့ပြီး လုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မည်သို့အရေးယူဆောင်ရွက်မည်ကို တရားဝင်ဆွေးနွေးရန် လမ်းစပေါ်ပေါက်ပြီဖြစ်သည်။[၂၆]
၂ဝဝ၆ ခုနှစ် နိုဝင်ဘာတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် မှ မြန်မာနိုင်ငံ၏ ဆက်တိုက်ကျူးလွန်ဖောက်ဖျက်နေသည့် စစ်တပ်မှ အဓမ္မလုပ်အား ပေးခိုင်းမှုများအား အပြည်ပြည်ဆိုင်ရာတရားရုံးချုပ်တွင် တိုင်တန်းအရေးယူနိုင်ရန် ကြေညာခဲ့သည်။[၂၇]
၂၀၁၀ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာသည်။
မြို့တော်များစာရင်း
- သရေခေတ္တရာ အေဒီ ၃ ရာစု-အေဒီ ၉ ရာစု
- ပုဂံ ၁ဝ၄၄–၁၂၈၇
- စစ်ကိုင်းမြို့ ၁၃၁၅–၁၃၆၄၊ ၁၇၆ဝ–၁၇၆၄
- အင်းဝမြို့ ၁၃၆၄–၁၇၅ဝ၊ ၁၇၆၄–၁၇၈၁
- ပြည် ၁၄၈၅–၁၅၄၂၊ ၁၅၄၂–၁၆၀၈
- တောင်ငူမြို့ ၁၄၈၅–၁၆၁၀
- ရွှေဘိုမြို့ ၁၇၅ဝ–၁၇၅၃
- ရန်ကုန်မြို့ ၁၈၆၂–၂ဝဝ၆
- အမရပူရမြို့ ၁၇၈၂–၁၈၂၃၊ ၁၈၄၁–၁၈၅၇
- မင်းကွန်းမြို့ ၁၈၅၇–၁၈၆၁
- မန္တလေးမြို့ ၁၈၆၁–၁၈၈၆
- နေပြည်တော် ၂ဝဝ၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်
တည်နေရာ
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် အာရှတိုက် အရှေ့တောင်ပိုင်းတွင်တည်ရှိပြီး မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၂ မိနစ်မှ ၂၈ ဒီဂရီ ၃၁ မိနစ်အထိနှင့် အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁ဝ မိနစ်မှ ၁ဝ၁ ဒီဂရီ ၁၁ မိနစ်အထိ ကျယ်ဝန်းသည်။ အိမ်နီးချင်းနိုင်ငံများအဖြစ် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် ဆက်စပ်လျက်ရှိပြီး တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် တည်ရှိသည်။ ရန်ကုန်မြို့တော်ကို အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၃ မိနစ် မျဉ်းကြောင်းနှင့် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၅ မိနစ်မျဉ်းကြောင်းတို့ ဖြတ်သန်းသွားကြသည်။ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ မိနစ် ၃ဝ မျဉ်းကို မြန်မာစံတော်ချိန်မျဉ်းအဖြစ် သတ်မှတ်ထားရာ မြန်မာစံတော်ချိန်သည် ဂရင်းနစ်စံတော်ချိန်ထက် ၆ နာရီ မိနစ် ၃ဝ စောသည်။
အကျယ်အဝန်း
မြန်မာနိုင်ငံ၏ အကျယ်အဝန်းမှာ ၂၆၁,၂၂၈ စတုရန်းမိုင် (၆၇၆,၅၇၈ စတုရန်းကီလိုမီတာ) ရှိသည်။ အရှေ့တောင်အာရှတိုက်တွင် ဒုတိယအကြီးဆုံးဖြစ်ပြီး မြေပြင်တဆက်တည်းအကျယ်အဝန်းအရဆိုလျှင် အကြီးဆုံးဖြစ်သည်။ ကမ္ဘာတွင် (ဇန်ဘီယာပြီးလျှင်) ၄၀ ခုမြောက် အကြီးဆုံးတိုင်းပြည်ဖြစ်သည်။ အမေရိကန်နိုင်ငံရှိ တက္ကဆက်ပြည်နယ်ထက် အနည်းငယ်သေးပြီး အာဖဂန်နစ္စတန်နိုင်ငံထက် အနည်းငယ်ကြီးမားသည်။ အရှေ့နှင့်အနောက် ၅၈၂ မိုင် (၉၃၆ ကီလိုမီတာ) ကျယ်ဝန်းပြီး တောင်နှင့်မြောက် ၁,၂၇၅ မိုင် (၂,ဝ၅၁ ကီလိုမီတာ) ရှည်လျားသည်။ မြန်မာနိုင်ငံ၏ နယ်နိမိတ်အရှည်သည် မိုင်ပေါင်း ၅,၂ဝဝ ခန့်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့်မိုင်ပေါင်း ၃,၈ဝ၈ မိုင် ဆက်စပ်လျက်ရှိရာတရုတ်မြန်မာ နယ်စပ်မှာ အရှည်လျားဆုံးဖြစ်ပြီး ၂၁၈၅ ကီလိုမီတာ (၁,၃၅၇ မိုင်)၊[၂၈] မြန်မာ-ထိုင်း ၁,၃၁၄ မိုင်၊ မြန်မာအိန္ဒိယ ၈၅၇ မိုင်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ၁၅၂ မိုင်နှင့် မြန်မာ-လာအို ၁၂၈ မိုင် အသီးသီး ရှိကြသည်။ ရေမိုင်နယ်နိမိတ်မှာ နတ်မြစ်ဝမှ ကော့သောင်းအထိ အလျား ၁,၃၈၅ မိုင်ခန့်ရှိသည်။ မြန်မာနိုင်ငံ၏ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့ တည်ရှိကာ ပင်လယ်ကမ်းရိုးတန်းမှာ ၁၉၃ဝ ကီလိုမီတာ (၁၁၉၉ မိုင်) ရှည်လျားသည်။ ကမ်းရိုးတန်း၏အလျားမှာ နိုင်ငံပတ်ပတ်လည် နယ်နိမိတ်တစ်ခုလုံး၏ သုံးပုံတစ်ပုံရှိသည်။ [၂၈]
မြေမျက်နှာသွင်ပြင်
မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်ကို အကြမ်းအားဖြင့် အနောက်ဘက်တောင်တန်းကြီးများဒေသ၊ အလယ်ပိုင်း မြေနိမ့်မြစ်ဝှမ်း လွင်ပြင်ဒေသ၊ အရှေ့ဘက်ကုန်းမြင့်ဒေသဟူ၍ သုံးပိုင်းပိုင်းခြားနိုင်သည်။ ဟိမဝန္တာတောင်တန်းသည် မြန်မာနိုင်ငံနှင့်ဆက်စပ်နေပြီး အနောက်ရိုးမတောင်တန်းအဖြစ် တောင်ဘက်သို့ သွယ်တန်းလျက်ရှိသည်။ အနောက်ရိုးမတောင်တန်းဒေသ၏ မြန်မာနိုင်ငံမြောက်စွန်းတွင်ရှိသော ခါကာဘိုရာဇီတောင်မှာ ၅၈၈၁ မီတာ (၁၉၂၉၅ ပေ) မြင့်၍ မြန်မာနိုင်ငံတွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်။[၂၉] စာရာမေတိတောင်ထိပ်သည် ၁၂၅၅၃ ပေမြင့်သည်။ မြန်မာနိုင်ငံတွင် ဟိမဝန္တာတောင်မကြီး၏ မြောက်မှ တောင်သို့ ဖြာဆင်းလာသော တောင်တန်းကြီးသုံးခုရှိရာယင်းတို့မှာ ရခိုင်ရိုးမ၊ ပဲခူးရိုးမနှင့် ရှမ်းကုန်းပြင်မြင့်တို့ဖြစ်ကြလေသည်။[၃၀] အနောက်ရိုးမတောင်တန်းကြီးသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို တံတိုင်းသဖွယ် ကာဆီးထားလျက်ရှိသည်။ အလယ်ပိုင်းမြစ်ဝှမ်း မြေနိမ့်လွင်ပြင်ဒေသများတွင် ဧရာဝတီမြစ်ဝှမ်းဒေသသည် အကျယ်ဆုံးဖြစ်၍ ပထမပိုင်းကို မြစ်ဖျားမှ မန္တလေးမြို့အထိ၊ ဒုတိယပိုင်းကို မန္တလေးမှ ပြည်မြို့အထိ၊ တတိယပိုင်းကို ပြည်မြို့မှ မြစ်ဝအထိ ပိုင်းခြားလေ့လာတွေ့ရှိနိုင်သည်။ အလယ်ပိုင်းမြစ်ဝှမ်း မြေနိမ့်လွင်ပြင်ဒေသတွင် စစ်တောင်းမြစ်ဝှမ်းဒေသနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသတို့လည်း ပါဝင်သည်။ အလယ်ပိုင်းမြစ်ဝှမ်းမြေနိမ့်ဒေသ၌ ဇီးဖြူတောင်တန်း၊ မင်းဝံတောင်တန်း၊ မှန်ကင်းတောင်တန်းနှင့် ဂန့်ဂေါတောင်တန်းစသည့် တောင်တန်းငယ်များ တည်ရှိသည်။ ထိုဒေသ၌ ပဲခူးရိုးမတောင်တန်းသည် မြောက်မှတောင်သို့ တွန့်ခေါက်သွယ်တန်းလျက် ရှိသည်။ အရှေ့ဘက် ကုန်းမြင့်ဒေသမှာ ရှမ်းကုန်းပြင်မြင့်ဒေသဖြစ်၍ ပျမ်းမျှ ပေပေါင်း ၃ဝဝဝ မှ ၄ဝဝဝ အထိ မြင့်သည်။ ကုန်းပြင်မြင့်ဆိုသော်လည်း ညီညာနေခြင်းမဟုတ်ဘဲ မြင့်မောက်သော တောင်တန်းကြီးများရှိပြီး သံလွင်မြစ်သည် ရှမ်းကုန်းပြင်မြင့်ဒေသမှ တနင်္သာရီကမ်းမြောင်မြောက်ပိုင်း မြေညီလွင်ပြင်သို့ စီးဆင်းသည်။ ရှမ်းကုန်းပြင်မြင့်၌ မြစ်ဖျားခံသော ရွှေလီ၊ မြစ်ငယ်၊ ဇော်ဂျီနှင့် ပန်းလောင်မြစ်တို့သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်ကြသည်။ ဧရာဝတီမြစ်သည် မြန်မာ့ အရှည်ဆုံးမြစ်ဖြစ်ပြီး ၂၁၇ဝ ကီလိုမီတာ (၁၃၄၈ မိုင်) နီးပါးရှည်လျားပြီး မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင်သွားသည်။ တောင်စဉ်တောင်တန်းကြီးအကြားတွင် မြေဩဇာကောင်းမွန်သော လွင်ပြင်ကျယ်ကြီးများ တည်ရှိလေသည်။[၃၀] မြန်မာနိုင်ငံ၏ လူဦးရေအများစုမှာ ရခိုင်ရိုးမတောင်တန်းနှင့် ရှမ်းကုန်းပြင်မြင့်ကြားတွင် ရှိသည့် ဧရာဝတီမြစ်ဝှမ်းဒေသတလျှောက် နေထိုင်ကြသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးခြင်းသည် ၎င်း၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့အား ထိန်းသိမ်းပေးရာရောက်ခဲ့သည်။[၃၁] သစ်တောအုပ်ကြီးများ ထူထပ်သိပ်သည်းသည့် အမြဲစိမ်းသစ်တောများနှင့် ကျွန်းတောကြီးများသည် အောက်မြန်မာနိုင်ငံ၏ ၄၉ ရာခိုင်နှုန်း ကျော်သော ဧရိယာကို ဖုံးလွှမ်းလျက်ရှိသည်။ ဤဒေသတွင် အလေ့ကျပေါက်ရောက်သော အပင်များတွင် ကြက်ပေါင်စေးပင်၊ ရှားပင်၊ ပျဉ်းကတိုးပင်၊ လမုတော၊ အုန်းပင်နှင့် ကွမ်းသီးပင်များ ပါဝင်လေသည်။ မြောက်ဘက်ကုန်းမြင့်ဒေသများတွင် ဝက်သစ်ချပင်၊ ထင်းရှူးပင်၊ ဇလပ်ပင်မျိုးစုံတို့ပေါက်ရောက်ကြသည်။ ကမ်းရိုးတန်း တစ်လျှောက်တွင်လည်း အပူပိုင်းဒေသသစ်သီးဝလံမျိုးစုံပေါက်ရောက်ကြသည်။[၃၁] မိုးနည်းရပ်ဝန်းဒေသတွင်မူ အပင်များမှာ ကြဲပြီးလှီကြသည်။
သားရဲတိရစ္ဆာန်များ
တောင်တွင်းသားရဲတိရစ္ဆာန်များအနက် ကျားနှင့် ကျားသစ်တို့သည် မြန်မာနိုင်ငံတွင် တွေ့ရတတ်လေ့ရှိသည်။ အထက်မြန်မာနိုင်ငံတွင် ကြံ့၊ ကျွဲရိုင်း၊ တောဝက်၊ သမင်၊ ဒရယ်နှင့် ဆင်များကို တွေ့နိုင်ပြီး ဆင်များကို ယဉ်အောင်မွေးယူ၍ သစ်လုပ်ငန်းများတွင် ခိုင်းစေအသုံးချကြသည်။ သေးငယ်သော နို့တိုက်သတ္တဝါများမှာလည်း ပေါများလှပြီး မျောက်လွှဲကျော်နှင့် မျောက်များမှအစ ရှူးပျံနှင့် ကြံ့သူတော်များအဆုံး တွေ့မြင်ရသည်။ ငှက်မျိုးစုစုပေါင်း ၈၀၀ ကျော်ခန့်တွင် ကြက်တူရွေး၊ ရစ်၊ ဥဒေါင်း၊ ကျီးကန်း၊ ငဟစ်နှင့် စပါးခင်းငှက်များ ပါဝင်ပါသည်။ တွားသွားသတ္တဝါတွင်မူ မိချောင်း၊ တောက်တဲ့၊ မြွေဟောက်၊ စပါးကြီးမြွေနှင့် လိပ်တို့ကို ပါတွေ့ရှိနိုင်သည်။ ရေချိုငါးမျိုးစုပေါင်း ရာနှင့်ချီ၍ တွေ့မြင်ရပြီး လွန်စွာမှ ပေါများကာ အရေးပါသည့် အစာအဟာရ ရင်းမြစ်လည်း ဖြစ်သည်။[၃၂]
ရာသီဥတု
မြန်မာနိုင်ငံသည် များသောအားဖြင့် ဥတ္တရယဉ်စွန်းတန်းနှင့် အီကွေတာအကြားတွင် ကျရောက်တည်ရှိသည်။ မြန်မာနိုင်ငံသည် အာရှဒေသ၏ မှတ်သုံရပ်ဝန်းဒေသတွင် ကျရောက်ပြီး ၎င်း၏ ကမ်းရိုးတန်းဒေသများရရှိသော မိုးရေချိန်မှာ နှစ်စဉ် ၅ဝဝဝ မမ (၁၉၇ လက်မ) ရှိသည်။ မြစ်ဝကျွန်းပေါ်ဒေသတွင် နှစ်စဉ်မိုးရေချိန်မှာ ၂၅ဝဝ မမ (၉၈ လက်မ) ဖြစ်ပြီး၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသော မိုးနည်းရပ်ဝန်းဒေသတွင် နှစ်စဉ်မိုးရေချိန် ၁၀၀၀ မမ (၃၉ လက်မ) ထက်နည်းလေသည်။ မြောက်ဘက်ဒေသများသည် အအေးဆုံးဖြစ်ပြီး ပျမ်းမျှအပူအချိန် ၂၁ ဒီဂရီစင်တီဂရိတ် (၇၀ ဒီဂရီ ဖာရင်ဟိုက်) ရှိလေသည်။ ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၏ ပျမ်းမျှအပူချိန်မှာ ၃၂ ဒီဂရီစင်တီဂရိတ် (၉ဝ ဒီဂရီဖာရင်ဟိုက်) ရှိလေသည်။[၃၀]
အကြမ်းအားဖြင့် နွေ၊ မိုး၊ ဆောင်း ဟူ၍ သုံးရာသီ ပိုင်းခြားထားသည်။ မတ်လမှ မေလလယ်အထိ နွေဥတု၊ မေလလယ်မှ အောက်တိုဘာလကုန်အထိ မိုးဥတုနှင့် နိုဝင်ဘာလမှ ဖေဖော်ဝါရီလကုန်အထိ ဆောင်းဥတုဟု သတ်မှတ်သည်။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံသည် အပူပိုင်းမုတ်သုံရာသီဥတု ရှိသော်လည်း မြေမျက်နှာပြင်အနေအထား ကွဲပြားခြားနားမှုကြောင့် တစ်နေရာနှင့်တစ်နေရာ ရာသီဥတု ကွဲပြားသွားသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တစ်နှစ်လျှင် စုစုပေါင်း မိုးရေချိန်လက်မ ၄ဝ အောက်သာရရှိပြီး ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် တစ်နှစ်လျှင် မိုးရေချိန် လက်မ ၂ဝဝ ခန့်ရရှိသည်။
နွေဥတုဖြစ်သော မတ်လနှင့်ဧပြီလများတွင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ ပျမ်းမျှအမြင့်ဆုံး အပူချိန်မှာ ၁၁ဝ ဒီဂရီဖာရင်ဟိုက် (၄၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ်) အထက်ဖြစ်၍ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ၉၇ ဒီဂရီ ဖာရင်ဟိုက် (၃၆ ဒသမ ၁ ဒီဂရီစင်တီဂရိတ်) ခန့်နှင့် ရှမ်းကုန်းပြင်မြင့်တွင် ၈၅ မှ ၉၅ ဒီဂရီဖာရင်ဟိုက် (စင်တီဂရိတ် ၂၉ ဒသမ ၄ နှင့် ၃၅ ဒီဂရီ) အတွင်းရှိသည်။ မြို့များ၏ တည်နေရာနှင့် မြေမျက်နှာပြင် အနိမ့်အမြင့်ကိုလိုက်၍ အပူချိန်ကွာခြားသည်။ အပူချိန်မြင့်လွန်းခြင်း၊ နိမ့်ကျလွန်းခြင်းများ မရှိပေ။ တိုက်ခတ်သော လေကြောင်းနှင့် လေဖိအားအခြေအနေများကြောင့် မိုးရွာသွန်းမှုဖြစ်ပေါ်စေသည်။ အချို့နှစ်များတွင် မုန်တိုင်းပြင်းထန်စွာ ကျရောက်သဖြင့် ကမ်းရိုးတန်းဒေသများတွင် ရံဖန်ရံခါမုန်တိုင်းဒဏ်ခံရသည်။ မြန်မာ့သမိုင်းတစ်လျှောက် မြန်မာနိုင်ငံတွင်ပေါ်ပေါက်ကြုံတွေ့ခဲ့ရသော သဘာဝဘေးအန္တရာယ်များတွင် အဆိုးရွား၊ အကြမ်းတမ်းဆုံးသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို မြန်မာနိုင်ငံသည် ၂ဝဝ၈ ခုနှစ် မေလ ၂ရက်နေ့၌ ကြုံတွေ့ခဲ့ရသည်။ ရာသီဥတုမှန်ကန်မျှတမှုကို အထောက်အကူပြုစေရန်အတွက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို နိုင်ငံတော်က ဦးစားပေး အကောင်အထည်ဖော်လျက်ရှိသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
မြန်မာနိုင်ငံသည် ပြည်နယ် ခုနှစ်ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနှစ်တိုင်းတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်။[၃၃] တိုင်းဒေသကြီးများတွင် ဗမာများ အဓိကနေထိုင်ကြပြီး ပြည်နယ်များတွင် မျိုးနွယ်စုတိုင်းရင်သားများ နေထိုင်ကြသည်။ အုပ်ချုပ်ရေးအရမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများအဖြစ် ထပ်မံခွဲထားသည်။ အဓိကမြို့ကြီးများ အားခရိုင်နှင့် မြို့နယ်များအဖြစ် ထပ်မံခွဲထားသည်။
- တိုင်းဒေသကြီးများ
No comments:
Post a Comment