{(၁၈) နှစ်အောက် ကေလးသူငယ္မ်ား မဖတ်သင့်ပါ}
တချို့ကတော့ တစ်ကိုယ်ရည် အာသာဖြေတယ်ဆိုတာ ရှက်စရာလို့ ယူဆကြပါတယ်။ ရှက်စရာမဟုတ်ပါဘူး။ တစ်ကိုယ်ရည်အာသာဖြေခြင်း ဆိုတာဟာ အခုခေတ်တွင် အရွယ်ရောက်ပြီးတဲ့ အမျိူးသား၊ အမျိူးသမီးတွေမှာ အလိုအလျောက်တတ်တဲ့အရာတစ်ခုလို ့တောင်ဆိုနိုင်ပါတယ်။
အရွယ်ရောက်လာလျှင် သဘာဝလှုံ့ဆော်မှုအရ လိင်အင်္ဂါများမှာ ယားယံလာတတ်ပါတယ်။ အခုခေတ်တွင် ခေတ်မှီတိုးတက်လာပြီး လူတိုင်းဖုန်းကိုင်နိုင်ခြင်းကြောင့် အပျိုလူပျိုတို့ ဆက်ဆံခြင်း၊ မိန်းမများ၏ အဝတ်မပါသော ကိုယ်ခန္ဓာများ ရင်သား၊ တင်သားစသည်တို့ကို အင်တာနက်မှ တဆင့်မြင်ရခြင်း သို့မဟုတ် အပြာစာအုပ်များဖတ်ခြင်း စသည့် အကြောင်းများကြောင့် မိမိလိင်အဂါင်္ကို ပွတ်ထိစမ်းသပ်ကြည့်ရာမှ တဆင့် အရသာတစ်မျိုးကို စတင်ရရှိကာ နောက်ပိုင်းတွင် အတွေ့အကြုံရှိ သူငယ်ချင်းမိတ်ဆွေကောင်းမှု သို့မဟုတ် အင်တာနက်ကောင်းမှုဖြင့် အာသာဖြေခြင်းအတတ်ကို တတ်မြောက်လာကြပါတယ်။
အမျိုးသမီးတွေရော တစ်ကိုယ်ရည် အာသာဖြေလေ့ရှိသလား?
အမျိုးသား အမျိူးသမီးတိုင်းဟာ အရွယ်ရောက်လာပြီးနောက်မှာ ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စား လာတဲ့ အခါ လိင်စိတ် အနည်းနဲ့အများရှိတတ်ကြပါတယ်။ ယောက်ျားသားများ အနေနဲ့ ကတော့ မိမိနှစ်သက်တဲ့ သူ ကို တွေ့ရင် လိင်ဆက်ဆံချင်စိတ် ဖြစ်ပေါ်မှုက သိသာထင်ရှားပေမယ့် အမျိုးသမီးများကတော့ အရင်ကတည်းက သိုသိုသိပ်သိပ် နေလာကြတဲ့ အစဉ်အလာတွေနဲ့မို့ သူတို့ရဲ့လိင်စိတ်ဟာ အမျိူးသားတွေလောက် မပြင်းထန်ပါဘူး။
နောက်ပြီးအများစုဟာ မိမိတို့ နှစ်သက်တဲ့ ယောက်ျားလေးနဲ့မျက်လုံးချင်းဆုံရင်တောင်မှ ရှက်တတ်ကြပါတယ်။ ဒါကြောင့် တစ်ကိုယ်ရည် အာသာဖြေတဲ့အလေ့အကျင့်ကလည်း မိန်းကလေး ၁၀၀ မှာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ပြုလုပ်ဆောင်ရွက်လေ့ရှိကြတယ်။
အမျိူးသား ဘယ်လိုမျိုး တစ်ကိုယ်ရည်အာသာဖြေကြသလဲ ?
အမျိူးသားတွေကတော့ အများအားဖြင့် အမျိူးသမီးအင်္ဂါ ထည့်သလိုမျိူး မိမိတို့ရဲ့ရွှေပန်းကို လက်နဲ့တင်းတင်းဆုပ်ကိုင်ပြီး အရေပြားကို အရှေ့အနောဆွဲခြင်းဖြင့်လည်းကောင်း ကပ်ပယ်အိတ်ကို ဆုတ်နယ်ခြင်းဖြင့်လည်းကောင်း တစ်ကိုယ်ရည် အာသာဖြေကြပါတယ်။ အာသာဖြေတဲ့အခါမှာလည်း အမျိူးသားအများစုဟာ မိမိတို့မြင်ဘူးတွေ့ဘူး ထိတွေ့ဘူးတဲ့ အမျိူးသမီးများကို စိတ်ကူးယဉ်ပြီး ထိုအမျိူးသမီးများအား စိတ်ထဲတွင် မိမိဖြစ်စေချင်သော ပုံစံကိုစိတ်ကူးကာ အာသာဖြေကြပါတယ်။
ဘယ်လိုအခြေအနေမျိူးမှာအာသာဖြေကြလေ့ရှိလဲ။ ဘာကြောင့် တစ်ကိုယ်ရည်အာသာဖြေသလဲ?
အများအားဖြင့်ထင်ကြမှာက တစ်ကိုယ်တည်းနေတဲ့အမျိူးသား အမျိူးသမီး သို့မဟုတ် မိမိရဲ့ဆက်ဆံဖော် အဝေးရောက်နေတဲ့ အချိန်စတဲ့အခြေအနေတွေမှာပဲ အာသာဖြေကြတယ်လို့ ထင်မှာပါ။ ဒါဟာမှားယွင်းတဲ့ ထင်မြင်မှုပါ။ သုတေသန အချက်အလက်တွေအရဆိုရင် ဆက်ဆံဖော်ရှိတဲ့သူတွေ သို့မဟုတ် အိမ်ထောင်ရှိပြီး နေ့တိုင်းဆက်ဆံနေရတဲ့သူတွေဟာ တစ်ကိုယ်တည်းသမားတွေထက်တောင် အာသာဖြေတဲ့အကြိမ်ရေပိုများပါတယ်တဲ့။
ဒါဟာဘာဖြစ်လို့လဲဆိုတော့ တစ်ကိုယ်ရည် အာသာဖြေလို့ရတဲ့ စိတ်ကျေနပ်မှုဟာ လိင်ဆက်ဆံလို့ရတဲ့ စိတ်ကျေနပ်မှုနဲ့ တခြားစီဖြစ်ပါတယ်။ ဒါ့အပြင်အမျိူးသားအမျိူးသမီးအများစုဟာ တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့်ရတဲ့စိတ်ခံစားမှု (ပြီးခြင်း) က ပိုလို့တောင် ကောင်းတယ်လို့ဆိုထားပါတယ်။
လိင်ဆက်ဆံတဲ့အခါမှာ အယုအယ အထိအတွေ့တွေကြောင့် ကာမစိတ်ပိုထပေမယ့် အကြောင်းကြောင်းကြောင့် အပေးအယူမမျှရင် တစ်ယောက်က (အများအားဖြင့်အမျိူးသားက) စိတ်ကျေနပ်မှုရသော်လည်း ဆက်ဆံဖက် (အများအားဖြင့်အမျိူးသမီးက) စိတ်ကျေနပ်မှုမရတာ သို့မဟုတ် ပြီးဆုံးခြင်း မရောက်တာမျိူးတွေရှိလို့ပါ။
ဘာကြောင့် အာသာဖြေလည်း ကတော့ရှင်းပါတယ်။
အကြမ်းအားဖြင့်ကတော့ မိမိတို့ရဲ့ဆက်ဆံဖော် ဝေးကွာနေတဲ့ အချိန်မျိုးမှာ လွမ်းဆွတ်သတိရခြင်း နဲ့ အတူ ဖြစ်ပေါ်လာတဲ့ လိင်စိတ်တစ်မျိုးကြောင့် တစ်ကိုယ်ရည်အာသာဖြေ ကြတယ်လို့တော့ ပြောကြပါတယ်။ သို့သော် အပေါ်မှာလည်း ပြောခဲ့ပါတယ်။ လိင်ဆက်ဆံဖော် နေ့တိုင်းတဲ့ရှိသူတွေလည်း အာသာဖြေကြပါတယ်။
အရှင်းဆုံးကတော့ လူဆိုတာအသွေးအသားနဲ့တည်ဆောက်ထားတဲ့ ပုထုဇဉ်လူသားတစ်ယောက်ဖြစ်သောကြောင့် ပတ်ဝန်းကျင်ရဲ့လှုံ့ဆော်မှုတွေစတဲ့ အကြောင်းကြောင်းကြောင့် အချိန်မရွေး လိင်စိတ်ဖြစ်ပေါ်တဲ့အခါတွေ ရှိပါတယ်။ အဲ့စိတ်တအားများလာပြီး မချုပ်ထိန်းနိုင်တဲ့အခါ အာသာဖြေခြင်းကို ဖြစ်စေပါတယ်။
No comments:
Post a Comment