Sunday, June 7, 2020

ဘဝနွံ (ဝတၳုတို)




ဘဝနွံ
=====

ဖူးငုံနှင်း

( ၁ )
အရက္ကို... ကြိုက်လို့ ... သောက်တဲ့သူ သောက်ပါများလို့မိန်းမကဆူ... အေ့...မိန်းမရေ..နည်းနည်းလေး...နည်းနည်းလေး ပါကြာ။
ကိုဖိုးစီသည် အရက်မူး၍ ပေါက်ကရများ ကို အာပြဲကြီးနှင့် ဆိုနေသည်။
ဒယိမ်းဒယိုင်နှင့် ပြန်လာသည်ကို ကြည့်ပြီး မိသွယ်စိတ်ညစ်နေမိသည်။ အလုပ် က တောက်တိုမည်ရ လိုက်လုပ်ရသည်။ ရသမျှထဲက အိမ်အတွက် တစ်ထောင်ပြန်ပေး တာကလြဲ၍ ကျန်သောပိုက်ဆံသည် အရက္ဖိုး ဖြစ်လေသည်။

ကိုဖိုးစီ...ရှင်ဟာလေ..ဘယ်လောက် ပြောပြော မရဘူး။ ရှင်ဘယ်တော့မှ နောင်တ ရမွာလဲ ကိုဖိုးစီရယ်
မိသြယ္ကသာ ပြောနေတာ ကိုဖိုးစီ ကေတာ့ အိပ်ရာထဲခေါင်းစိုက်နေ၏။ သမီးနှင့် သားကိုတော့ ချစ်ပါသည်။ တစ်ခါတလေ မုန့်ထုပ်လေးများ ပါလာတတ်သည်။ သို့သော် သမီးက ဖခင်အား အရက်သောက်လာလျှင် မကြည်ဖြူဖြစ်နေတတ်သည်။ သားကေတာ့ မသိသလိုသာနေ၏။

မိသွယ်သည် လမ်းထဲတွင် အဝတ်လျှော်မီးပူတိုက်သောအလုပ်ကို လုပ်ရင်း အိမ္စားစရိတ္ကို ရှာနေရ၏။ မီးပူကို အိမ်မှာတင်တိုက်ပြီး လိုက်ပို့ရသည်။ မိသွယ် အဝတ်လျှော်သော အိမ္မ်ားက မီးဖိုးပါပေးသော ကြောင့် မီးဖိုးအတွက်မပူရပေ။ မိသြယ္မီးပူ တိုက်ရင်း အိပ်နေကြသော ကိုဖိုးစီတို့ သားအဖ များကိုကြည့်ပြီး သက်ပြင်းမောကြီးချလိုက်မိတော့သည်။

( ၂ )
အလင်းရောင်ပြူကာစ နံနက်ခင်းလေး သည် အေးချမ်းလွန်းလှ၏။ သို့သော် မိသွယ် ဘဝကေတာ့ မအေးဆေးနိုင်သေးပါ။ နံနက် လေးနာရီထိုးသည်နှင့် မိသွယ် အတင်းကုန်းထ လိုက်သည်။ မျက်နှာသစ်ပြီး ထမင်းဟင်း ချက်သည်။ ထို့နောက် မီးပူတိုက်ပြီးသား အထည်များကို လိုက္ပို့၍ လျှော်စရာ အဝတ် အစားမ်ားကို ပြန်ယူလာပြီး လျှော်သည်။ မိသွယ်မသွားခင် သမီးနှင့် သားကိုနှိုးပြီး ထမင်း ကျေွးနေကြမို့ အိပ်နေသော သမီးနှင့် သားကို နှိုးလိုက်သည်။

သမီးနဲ့သား...ထကြတော့။ ထမင်းကြမ်း လေးကျန်တာ ငပိကြော်နဲ့ စားလိုက်ကြ။ အေမ အဝတ်တွေ လိုက်ပို့ဦးမယ်
အေမ...အဖေ့အတွက်ရော မရှိတော့ဘူး လားဟင်။ သားမစားဘူး အဖေ့ကိုကျေွးလိုက် နော်
သားလေး၏ စကားကြားမှ မိသွယ် ယောက်ျားဖြစ်သူကို လှမ်းကြည့်မိသည်။ ခြောက်နာရီကျော်နှင့် ဘယ်သောအခါမှ မထ တတ်ပေ။ ရှစ်နာရီလောက်မှ အလူးအလဲထကာ လမ်းတကာ လျှောက်သွားတော့သည်။ မိသွယ် အပူမ်ားကို မှုတ်ထုတ်လိုက်ပြီး သားဘက် လှည့်ကာ...
သားလေး...ထမင်းက နည်းနေလို့ပါ ကွယ်။ သားအေဖက အပြင်မှာစားချင်တာ စားနေတာ။ ပူမနေနဲ့ သားလေးသာစား။ သားအဖေစားချင်လည်း နေ့လယ်စာချက်ထား တာရှိနေတာပဲ။ ထည့်စားပါစေလေ..နော် သားလေး
ဟဲ့... ငတူး... နင်ဟာလေ အရစ္ကို ရှည်တယ်။ ဒီလောက်အချိန်ပြည့်မူးနေတာ။ ဘယ်တုန်းက ထမင်းကို အကြောင်းလုပ်စား လို့လဲ။ ငါခေါက်လိုက်လို့ စားမှာသာစားစမ်း။ နားညည်းတယ်
အစ်မကလည်းဗျာ...အစ္မက အေဖ့ကို မုန်းနေတာပဲ။ ဘယ်ကြည့်ရပါ့မလဲ။ အေဖ သေမှာဆိုးလို့ပါဗျ
သားနှင့်သမီးပြောနေသော စကားကို ကြားပြီး မိသွယ် သက်ပြင်းမောကြီး ချလိုက် မိသည်။
သမီးက အချိန်ပြည့် အရက်မူးနေသော ဖခင်အား မကျေမနပ်ဖြစ်နေတတ်သည်။ အပျိုပေါက်လေးဖြစ်နေ၍ ရှက်တတ်နေ၏။ မိသွယ်အတွေးကိုရပ်ပြီး တစ်နေ့တာ အလုပ္ကို စလုပ္ဖို့ အဝတ်ခြင်းကိုယူကာ ထွက်လာခဲ့လိုက် သည်။

( ၃ )
ဟဲ့...မိသွယ်။ ငါနေမကောင်းဖြစ်နေလို့ အိမ်သန့်ရှင်းရေးမလုပ်နိုင်ဖြစ်နေတာ။ ငါ့ကို ဒီနေ့ကူလုပ်ပေးစမ်းပါဟယ်။ အင်္ကျီက နောက်မှလျှော်ပေါ့။ နင်လည်း ပိုက္ဆံပိုသုံးရ တာပေါ့
ဟုတ်ကဲ့ပါ...မမေအး။ မိသွယ် ဝိုင်းကူ လုပ်ပေးပါ့မယ်
မသွယ်အဝတ်လျှော် မီးပူတိုက်ပေးနေကြ မမေအးက အိမ်ရှင်းခိုင်းနေ၏။
ပိုက်ဆံချမ်းသာပြီး အိမ်မှာ အိမ်ဖော်မထား ပေ။ ယောက်ျားကို စိတ်မချဖြစ်နေသော မမေအးကို ငေးကြည့်နေမိသည်။ ခြံအကျယ် ကြီးနှင့် အိမ်ကြီးထဲ သားသမီးမရွိ။ ယောက်ျား အလုပ်သွားလျှင် တစ်ယောက်တည်းနေရ သည်။ မိသွယ် အိမ်ပေါ်ကို ရောက်ဖူးချင်နေမိ သည်မှာ ကြာပြီ။ ယခု ဆန္ဒပြည့်သွားလေ သည်။
မိသွယ်ကိုအပေါ်ထပ်သို့ ခေါ်သွားလေ သည်။ အပေါ်ထပ်ရောက်သောအခါ မိသွယ် အံ့သြနေမိ၏။ ဗီရိုကြီးကြီးထဲ အဝတ္စားမ်ား ပြည့်နေသည်။ မိသွယ်ဘဝတွင် အိပ်မက်တောင် မမက်ဖူးခဲ့ပေ။ ကိုယ်ပိုင်ဝယ်နိုင်သည်က ပါထိုင်းထဘီနှင့် အရိပ်ပန်းစလေးလောက်သာ ဝယ်နိုင်သည်။ ယခုဗီရိုထဲတွင် ဖိတ်ဖိတ် တောက်နေသော ချိတ်များရောင်စုံ တစ်ထပ် လိုက် တွေ့နေရ၏။ မိသွယ် ကြည့်မဝသေး ခင်မှာ....
မိသွယ်...ရေချိုးခန်းကို အရင်ဆေးပေး နော်။ ငါရေမကိုင်နိုင်လို့ပါ။ သူမ်ားလုပ္တာ စိတ်တိုင်းမကျပေမယ့် နေမကောင်းလို့သာ ခိုင်းရတာ
ဟုတ်မမအေး...မိသွယ် သေသေချာချာ လုပ်ပေးပါ့မယ်။ မမေအး နားနေပါနော်
မိသွယ်ငေး၍ မဝသေးသော်လည်း အလုပ် လုပ်ဖို့ပြောနေသည့် မမအေးအသံကြောင့် အလုပ္စလုပ္ဖို့ ရေချိုးခန်းထဲ ဝင်လိုက် လေသည်။ တီဗြီထဲသာ မြင်ဖူးသော်လည်း ယခုမျက်စိရှေ့မှာတွေ့ရသော ရေချိုးခွက်အဖြူ ရှည်ကြီးကို မိသွယ်ကိုင်ကြည့်နေမိသည်။
ပိုက်ဆံချမ်းသာသော လူတန်းစားများ အတွက် အသေးအမွှား ဖြစ်သည်။ သို့သော် လည်း မိသြယ္တို့လို ဘဝသမားများအတွက် တော့ နန်းတော်ကြီးသဖွယ် ဖြစ်ရသည်။ ရေချိုး ခန်းထဲက မှန်တင်ခုံပေါ် ရှင်းသောအခါ.....
ဟင်...လက်စွပ်လေးပါလား။ လှလိုက် တာ ရွှေလက်စွပ်လေးပဲ ဖြစ်မယ်ဟု မိသွယ် ရေရွတ်လိုက်မိ၏။ ရွှေရောင်ဝင်းလက်ပြီး အထဲက ကျောက်ကလေးများက တလက်လက် ဖြစ်နေသည်။ တန်ဖိုးနည်းမည် မဟုတ်မှန်း တော့ မိသွယ်နားလည်သည်။ လက်စွပ်လေး ရောင်းလိုက်လျှင် မိသွယ်တို့ချောင်လည်သွားနိုင်သည်။
အို...ပြေလည်သွားလည်း တခဏပဲ ဖြစ်မှာပါ ငါယူတာသိရင် ငါ့ကိုယုံကြည်တော့မယ်မထင်တော့ဘူးလေ
လောဘများကို ချုပ်တည်းလိုက်ပါသည်။ ဘဝပဲဆင်းရဲချင် ဆင်းရဲသွာပါစေ အကျင့် သိက္ခာကိုတော့ ဆင်းရဲမခံနိုင်ပေ။ မိသွယ်သည် လက်စွပ်လေးကိုပြန်ပေးဖို့ ဆုံးဖြတ်၍ သန့်ရှင်း ရေး ဆက်လုပ်လိုက်ပါသည်။

( ၄ )
မိသွယ် သန့်ရှင်းရေးလုပ်ပြီးသောအခါ မမေအးကို လက်စွပ်လေးပြပြီး ပြန်ပေးလိုက် ပါသည်။ မမအေးသည် သိပ်ပြီးဝမ်းသာ သြား၏။ မိသွယ်ကိုလည်း ကျေးဇူးအခါခါ တင်နေသည်။
မိသွယ်ရယ်...ကျေးဇူးတင်ပါတယ်။ ဒါ...ငါ့ယောက်ျားလက်စွပ်လေးလေ။ တကယ္လို့ နင်ယူသွားလည်း အပြင်မှာပျောက်တယ်ပဲ ထင်မှာ။ ဒါစိန်လက်စွပ် မိသွယ်ရဲ့
ဟင်...မမေအး စိန်လက်စွပ် ဟုတ္လား။ မိသွယ်ဖြင့် မမြင်ဖူးလို့ ကျောက်တွေပဲ ထင်တာ။ မမေအး...မိသြယ္ကို သေသေချာချာ ကြည့်ခွင့်ပြုပါလား။ မိသွယ် စိန်ကိုမမြင်ဖူး လို့ပါ

မိသွယ်အဖြစ်က စိန်မှန်းမသိ ကျောက်မှန်း မသိတဲ့ ဘဝဖြစ်သည်။ မမအေးသည် မိသြယ္ကို ကျေးဇူးတင်၍ ပိုက်ဆံနှစ်သောင်း ပေးလေ သည်။ သန့်ရှင်းရေးလုပ်ခက ငါးထောင် အဝတ် လျှော်ခအကုန်ပေါင်းပြီး နှစ်သောင်းခွဲတိတိ မိသွယ်ရလေသည်။ မိသွယ်ပျော်နေမိ၏။ ကျန်အဝတ်လျှော်ခများနှင့် အားလုံးပေါင်းလျှင် လေးသောင်းရ၍ မိသြယ္စိတ္ကူးမ်ား အရောင် လက်လာသည်။

သမီးနှင့် သားအတွက် လိုတာလေး ဝယ်ပေးဖို့ မိသွယ်စဉ်းစားနေမိသည်။ သမီးက အပျိုပေါက်ကလေးဖြစ်နေ၍ လှချင်နေသည်။ မောင်နှမနှစ်ယောက်ကို ဖိနပ်တစ်ရံဆီ ဝယ်ပေးရဦးမည်။
အပြုံးပန်းဝေလျက် မိသွယ် အိမ်ပြန်လာ ခဲ့သည်။ ခြေလှမ်းတိုင်းက ပေါ့ပါးနေတော့ သည်။

( ၅ )
မိသွယ် ခြံဝရောက်သည်နှင့် အိမ်ရှေ့တွင် သားလေးက ငိုနေ၏။ မိသွယ်ကိုတွေ့သော အခါ....
အေမ...အေမ...အဖေအရက်သောက်ရင်း ရန်ဖြစ်တာ ခေါင်းကွဲသွားတယ်။ ဆေးခန်းကို မမပါ လိုက်သွားတယ်
ဟင်... သားလေး အိမ်မှာပဲနေနော်။ အမေဆေးခန်းကို လိုက်သွားဦးမယ်
မိသြယ္ဘဝက ပျော်တာတောင် ရဲရဲမပျော် ရဲသော ဘဝဖြစ်သည်။ အစောတုန်းက အပြုံး ဖျဖျလေးနေရာ ယခုတော့ မဲ့နေသယောင် ဖြစ်သွားခဲ့၏။ ကိုဖိုးစီကိုခေါ်သွားသော ဆေးခန်းကိုလိုက်ရင်း ခြေထောက်များက လေးလံလာသည်။
မိသွယ် ဆေးခန်းထဲဝင်သွားသည်နှင့် ပက်တီးခေါင်းမှာ အဖွေးသားနှင့်ထိုင်နေသော ကိုဖိုးစီကိုတွေ့ရသည်။
မိန်းမ... ငါ နည်းနည်းလေး...မဆို သလောက်လေးမူးတာပါ။ နည်းနည်းလေး ပါကြာ...နော်
ကိုဖိုးစီ... ရှင်ဟာလေ အရှက်ရော အကြောက်ရော ကန်းကုန်နေတဲ့လူပါလား
မိသြယ္ကို တွေ့သည်နှင့် ပြောနေကြ လက်သုံးစကားအတိုင်း အာပေါင်သန်သန်နှင့် ပြောနေသည်။ ကိုဖိုးစီကို ကြည့်ပြီး မိသွယ် စိတ်ပျက်နေမိ၏။ သမီးက မိသွယ်ဆီပြေးလာ ပြီး....
အေမ...သမီးအဲ့ဒါကြောင့် စိတ္ညစ္တာ။ အရက်သောက်လည်း အေးအေးဆေးဆေး မေသာက္ဘူး။ သူမ်ားကို ရန်သွားစပြီး မထိန်း နိုင်ပဲလဲတာတဲ့။ ခုံစွန်းနဲ့ထိပြီး ခေါင်းပေါက် သွားတာတဲ့လေ
အေးပါ...သမီးရယ်။ အမေတောင်းပန်ပါ တယ်။ ဒါပေမဲ့ သမီးအေဖပဲမလား။ သမီး ပြောရင် သမီးပဲ ငရဲကြီးမှာပေါ့ကွယ်
မိသွယ်သည် သမီးကို စိတ်မခုအောင် ပြောနေသော်လည်း သမီးက နားဝင်ပုံမရပါ။ မိသြယ္ကို မျက်လုံးပြူးပြီး ကြည့်နေသည်။
အေမက ဘာလို့တောင်းပန်နေတာလဲ။ အေမ့အမွားမွ မဟုတ္တာ။ အေဖ့အမွားပဲကို

မိသွယ်မည်သို့ ရှင်းပြရမည်နည်း။ မိန်းမ တစ်ယောက်၏ ရွေးချယ်မှုသည် အပျိုစင်ဘဝ မှာသာရှိသည်။ ရွေးချယ်ခွင့်ရှိသည့် အချိန်မှာ မှားယွင်းစွာ ဆုံးဖြတ်မိပါက တစ္ဘဝလုံး အမှားနွံထဲမှာ နစ်မွန်းသွားကြရသည်။ အိမ်ထောင်သည် ဘဝမွာ အမှားကိုပြင်ဆင်ခွင့် မရှိတော့ပေ။ နောက်ပြန်လှည့်၍လည်း မရ တော့ပါ။ သားသမီးမ်ား ရလာခဲ့လျှင် ငဲ့ညှာ ထောက်ထားစရာများနှင့် ပို၍ပို၍ အမှားနွံထဲ နစ်ခဲ့ရ၏။ ဘဝအတွက် ရွေးချယ်ခွင့်ရှိနေချိန် အမှားအယွင်း နည်းဖို့သေသေချာချာ ဆုံးဖြတ် ကြရသည်။

သို့သော်မိသွယ်ကတော့ ရွေးချယ်မရတော့ ပေမဲ့ သမီးလေးကို ရွေးချယ်မှုမမှားအောင် ရှင်းပြ ရပေဦးမည်။ ဆေးခန်းထဲမို့ သမီးလေးကို မပြောချင်သော်လည်း အိမ်ပြန်ရောက်ရင်တော့ ပြောပြထားရမည်။ မိသွယ်အတွေး မဆုံးခင် မွာဘဲ ဆရာဝန်ခေါ်သံကြောင့် အတွေးရပ်သွား ၏။
လူနာကိုဖိုးစီ ဇနီးလား
ဟုတ်...ဟုတ်ပါတယ်ဆရာ။ မိသြယ္က ကိုဖိုးစီမိန်းမပါ။ ဆေးဖိုး ဘယ်လောက် ကျလဲဟင်
ဆေးဖိုးရော... ချုပ်တာက ခြောက်ချက် ချုပ်ရတယ်။ အကုန် သုံးသောင်းရှစ်ထောင် ကျတယ်။ အနာကိုက်ရင် ဒီဆေးကိုတိုက်။ တစ်ပတ်နေရင်ပြန်လာပြ ချုပ်ရိုးဖြေရမယ်။ ဒီကြားထဲ မူးတာတို့ အန်တာတို့ဖြစ်ရင် ပြန်လာ ပြပါ။ ပြန်လို့ရပြီ
ဆရာဝန်ပြောနေသော စကားကို နားထောင်ရင်း မိသွယ်ကိုယ်တိုင် မူးချင်အန်ချင် လာမိသည်။ စိတ်ထဲကလည်း ဘုရားတမိ၏။ ဆေးဖိုးသုံးသောင်းရှစ်ထောင် တောင်းလိုက် လေသည်။ မိသွယ်ပင်ပင်ပန်းပန်းရှာထားသော ပိုက်ဆံလေးက တခဏအတွင်း ကုန်သွားတော့ သည်။ ဆိုက္ကားခ ကျန်နေပါသေးသည်။
သမီး...သမီးနဲ့ သမီးအေဖ ဆိုက်ကားနဲ့ ပြန်သွားကြ။ အမေနောက်ကပဲလိုက်လာမယ်
မျက်နှာမကောင်းသော သမီးကိုကြည့်ပြီး မိသွယ်စိတ်မကောင်းဖြစ်မိသည်။
ကဲ... ကိုဖိုးစီ ။ ရှင်လည်း အိမ်ကြရင် ငြိမ်ငြိမ်လေးနေပြီး အိပ်နေနော်။ မိသွယ် နောက်ကလိုက်ခဲ့မယ်။ ပြန်ကြတော့
အေးပါ...မိန်းမရယ်
ဆိုက်ကားပေါ်တက်ပြီး ထွက်သွားကြ သော ကိုဖိုးစီနှင့် သမီးအား မ်က္စိတဆုံး ကြည့်နေလိုက်သည်။
မိသွယ်ရင်ဘတ်ထဲ စူးကနဲ့ အောင့်တက် လာ၏။ မျက်ဝန်းမှ မျက်ရည်များ ရစ်သိုင်းလား ပြီး မျက်ရည်စတို့သည် တပေါက်ပေါက် ကြွေကျလာတော့သည်။

No comments:

Post a Comment

လွန်ဆွဲခြင်း

လွန်ဆွဲခြင်း ====== မြန်မာနိုင်ငံ၌ မည်သည့်အချိန်ကစ၍ လွန်ဆွဲခဲ့ကြ သည် ဆိုသည်ကိုအတိအကျမပြောနိုင်ချေ။ အဘယ်ကြောင့် လွန်ဆွဲကြသည်ဆိုသည်ကိုလည်း သေခ...