Thursday, June 18, 2020

စိတ်ဖိစီးမှုမဖြစ်အောင် ဘာတွေရှောင်ကြဉ်သင့်ပါသလဲ



စိတ်ဖိစီးမှုဖြစ်လျှင် ကျွန်မတို့ခန္ဓာကိုယ်ထဲမှာ ထိခိုက်မှုတွေ အများကြီးဖြစ်သွားပါတယ်။ ဘယ်လိုဝေဒနာတွေ ခံစားရလဲဆိုတာ အားလုံးသိပြီး စိတ်ဖိစီးမှုလျှော့ချနိုင်အောင် မျှဝေပေးလိုက်ပါရစေ။


၁။ ခေါင်းကိုက်ခြင်း

စိတ်ဖိစီးမှုပမာဏများလေ ခေါင်းကိုင်တဲ့ အကြိမ်အရေအတွက်များလေ ဖြစ်ပါတယ်။


၂။ ဆံပင်ကျွတ်ခြင်း

စိတ်ဖိစီးမှုများလေ ဆံသားပါးလွှာခြင်းနဲ့ ဆံပင်ကျွတ်ခြင်း ပိုဆိုးလေဖြစ်ပါတယ်။


၃။ မှတ်ဉာဏ်ထိခိုက်ခြင်း

ကာလတာရှည် စိတ်ဖိစီးခြင်းဟာ မှတ်ဉာဏ်တွေ ထိခိုက်စေခြင်းနဲ့ ဆက်စပ်နေတတ်ပါတယ်။


၄။ ဝက်ခြံထွက်ခြင်း 

စိတ်ဖိစီးနေတဲ့အချိန်မှာ ဝက်ခြံများစွာ ထွက်တတ်ပါတယ်။


၅။ ရင်ကျပ်ပန်းနာ ပိုဆိုးစေခြင်း

မူလကတည်းက ရင်ကျပ်ပန်းနာရောဂါရှိသူတွေမှာ စိတ်ဖိစီးမှုတွေ ဖြစ်လာတဲ့အခါ ရောဂါပြန်ထစေတာကို လေ့လာမှုတွေအရ တွေ့ရှိထားပြီး ဖြစ်ပါတယ်။


၆။ နှလုံးတိုက်ခိုက်ခံရခြင်း

စိတ်ဖိစီးမှုများတဲ့ လူတွေမှာ ပုံမှန်လူတွေထက် နှလုံးပိုထိနိုင်ပါတယ်။


၇။ ညဘက်အိပ်မပျော်ခြင်း

စိတ်ဖိစီးမှုများ၊ စိတ်ထိခိုက်မှုရှိတဲ့ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ရှိတဲ့သူတွေဟာ ညအိပ်မပျော်ခြင်း ပြဿနာနဲ့ အများဆုံး ကြုံတွေ့နေကြရငူတွေ ဖြစ်လေ့ရှိပါတယ်။


၈။ အစာခြေဖျက်မှုစနစ်ထိခိုက်ခြင်း

စိတ်ဖိစီးခြင်းကြောင့် အစာခြေစနစ်ချို့ယွင်းပြီး အစာမကြေခြင်း၊ လေပွခြင်း၊ အစာအိမ်ရောင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။


၉။ ကျောအောင့်ကျောနာဖြစ်ခြင်း

စိတ်ဖိစီးခြင်းကြောင့် ကော်တီစောပမာဏ မြင့်တက်ခြင်းဟာ နောက်ကျောနာခြင်း၊ အောင့်ခြင်းတွေကို ဖြစ်စေပါတယ်။


၁၀။ ဗိုက်အဆီတက်လာခြင်း 

စိတ်ဖိစီးခြင်းကြောင့် ကော်တီစောတွေ မြင့်တက်လာတဲ့အခါ ခန္ဓာကိုယ်မှာ အဆီပိုတွေ များလာစေပြီး အထူးသဖြင့် ဝမ်းဗိုက်နေရာမှာ အဆီတွေ စုဝေးလာစေပါတယ်။


၁၁။ သွေးတွင်းသကြားဓာတ်

စိတ်ဖိစီးခြင်းကြောင့် ခန္ဓာကိုယ်ကထွက်လာတဲ့ Adrenaline နဲ့ ကော်တီစောတွေဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ဆီးချိုဖြစ်ဖို့ အလားအလာရှိပါတယ်။


၁၂။ သွေးတိုးခြင်း

စိတ်ဖိစီးရင် သွေးပေါင်တိုးစေပါတယ် ဒီလိုသွေးတိုးခြင်း တာရှည်ရင် သွေးတိုးရောဂါဖြစ်ပြီး နှလုံးနဲ့ သွေးကြောတိုက်ခိုက်ခံရမှုတွေ ပိုပြီးဖြစ်စေပါလိမ့်မယ်။


၁၃။ အိုမင်းရင့်ရော်ခြင်း

တာရှည်စိတ်ဖိစီးခံရခြင်းကြောင့် ရှိရင်းစွဲအသက်ထက် အိုမင်းရင့်ရော်တာကို ကြုံတွေ့ရနိုင်ပါတယ်။


၁၄။ Adrenal အားကုန်ခြင်း

Adrenal ဆိုတာ ကျောက်ကပ်တစ်ဖက်စီရဲ့ အပေါ်မှာ ကပ်နေတဲ့ ဂလင်းဖြစ်ပါတယ်။တာရှည်စိတ်ဖိစီးခြင်းကြောင့် လိင်ပိုင်းဆိုင်ရာ ဟော်မုန်းပမာဏကျဆင်းစေပြီး ခန္ဓာကိုယ်ကနေ Stress ဟော်မုန်းထုတ်လုပ်နိုင်စွမ်းကိုလည်း ယိုယွင်းစေပါတယ်။ အဲ့ဒီကနေမှ ခန္ဓာကိုယ်တစ်ခုလုံး နုံးချည့်ခြင်း၊ ခြေလက်မသယ်ချင်တော့ခြင်းတွေ ဖြစ်စေပါတယ်။


၁၅။ ခုခံအားစနစ် ယိုယွင်းခြင်း

စိတ်ဖိစီးမှု ထပ်ခါထပ်ခါ ဖြစ်နေရသူတွေမှာခုခံအားစနစ် အားနည်းယိုယွင်းလာစေပါတယ်။ စိတ်ဖိစီးမှု တာရှည်လေ ကိုယ်ခံအားကျလေလေ ဖြစ်ပြီး ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်နိုင်တာကြောင့် အလွန်သတိထားရမယ့် အချက်ဖြစ်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုတွေ မြန်မြန်လျော့သွားအောင် တရားထိုင်ခြင်း၊ မိတ်ဆွေသူငယ်ချင်းကောင်းများနှင့် ချိန်းပြီး တွေ့ဆုံစကားပြောခြင်း၊ သီချင်းဆိုခြင်း၊ ပျော်ရွှင်စရာ ရုပ်ရှင်ကြည့်ခြင်း၊ အချိန်ရရင် ခရီးတို ခရီးရှည်များ ထွက်ခြင်း၊ စိတ်ဖိစီးမှုကို လျော့နည်းစေသော ဖြည့်စွက်အားဆေး အာဟာရများ အချိန်အဆနှင့် မှီဝဲစားသုံးပေးခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း စတဲ့ အမူအကျင့်လေးတွေကို ကျင့်သုံးပြီး စိတ်လက်ပေါ့ပါး၊ စိတ်ဖိစီးမှုကို တွန်းလှန်ကျော်လွှားနိုင်ကြပါစေ။


Credit: ဒေါက်တာရှင်းသန့်ဖြူ

No comments:

Post a Comment

လွန်ဆွဲခြင်း

လွန်ဆွဲခြင်း ====== မြန်မာနိုင်ငံ၌ မည်သည့်အချိန်ကစ၍ လွန်ဆွဲခဲ့ကြ သည် ဆိုသည်ကိုအတိအကျမပြောနိုင်ချေ။ အဘယ်ကြောင့် လွန်ဆွဲကြသည်ဆိုသည်ကိုလည်း သေခ...